Monday, July 6, 2009

အင်တာနက်ကိုစလေ့လာသူတွေအတွက်ပါ

website များကြည့်ရန်အတွက် browser ကိုအသုံးပြုရသည်။ လူသုံးအများဆုံး browser များမှာ
internet explorer ,fire fox ,flock တို့ဖြစ်သည်။ internet explorer သည် computer window တင်ရာတွင်ပါပြီးသားဖြစ်သည်။
fire fox နှင့် flock သည်သီးသန့် install လုပ်ရသည်။ browser များကိုအင်တာနက်တွင်အသုံးပြုရာ၌
browser များသည် proxy ကိုအသုံးပြု၍ hyperlinks များကို webpage အဖြစ်ဖေါ်ပြသည်။အင်တာနက်အသုံးပြုရာတွင်
proxy သည်အဓိကကျသည်။
proxy မမှန်လျှင်browser ကိုစဖွင့်သည်နှင့်
internet conection error ပြတတ်သည်။
browser တစ်ခုတွင်proxyချိန်းနည်း tools> options>advenced>network>settings တွင် ချိန်းပေးရသည်။
1......direct connection to the internet

2......auto-detect proxy settings for the network

3......manual proxy configuration

ဟူ၍သုံးမျိုးရှိသည်။ အပေါ်တစ်ခုမှာ direct ချိတ်ရာတွင်အသုံးပြုသည်။
အလယ်တစ်ခုကိုတော့ direct နှင့် server နှစ်ခုကို auto ပြောင်းပေးတတ်သောကြောင့်အလျှင်းသင့်သလိုအသုံးပြုသည်။
အောက်ဆုံးတစ်ခုကို proxy server address နှင့် localhost proxy ဖြစ်သော127.0.0.1နှင့်အသုံးပြုရသည်။
localhost proxy ကို freedom နှင့်အခြားproxy ကျော်သောဆော့ဝဲလ်များအသုံးပြုရာတွင်အသုံးပြုရသည်။



browser တွင်အသုံးပြုနိုင်သော short cut key များ

ctrl t = new tab
ctrl n =new window
ctrl a = all select
ctrl c = copy
ctrl v = past
ctrl j = show download
ctrl s = save
ctrl w =close
ctrl p =print
ctrl o =open file
ctrl l = open location
ctrl x =cut
ctrl z =undo
ctrl r (or) F5 =reload
F11 =full screen
ctrl shift del =clear history
ctrl shift h =show all history
alt home =home page
alt left arrow = back
alt right arrow =forward



vzo chat အကြောင်းလေးပြောရအောင်ဗျာ

vzo chat ဆိုတာကတော့ video camera နဲ့ အဝေးရောက်သူနှစ်ဦးကို ရုပ်ချင်းတွေ့ပြီးစကားလေးပြောလို့ရအောင်စီမံပေးပါတယ်။

vzo chat အားအသုံးပြုရန်အတွက် vzo account ပြုလုပ်ရပါတယ်။

vzo account လုပ်ရန်အတွက်လိပ်စာကတော့

http://vzochat.com/en/Register.aspx ပဲဖြစ်ပါတယ်။ အလွယ်ကြိုက်ရင်တော့ဗျာ vzo ကိုဖွင့်ပြီးတော့ login ၀င်တဲ့နေရာအောက်ဘက်နားက get your vzochat id လေးကိုနှိပ်လိုက်ပါ။

vzochat ကိုအသုံးပြုရာမှာ network setup ကိုပြင်ရပါအုံးမယ်။ network set up > setting > proxy ကိုရွှေးရပါအုံးမယ်။




ဒါကတော့ mirc အကြောင်းလေးပါ

mirc ကိုအသုံးပြုရာတွင်လည်း register လုပ်ရပါအုံးမည်။



ပထမဦးစွာ ok ပေး window တစ်ခုပေါ်လာလျှင်

/nick နာမည်ပေး

/server hardcore.myanmarlinux.org 443

ခဏလောက်စောင့်လိုက်ပါ server နဲ့ချိတ်မိပြီဆိုလျှင်

/msg nickserv register ပတ်စပေါ့ပေး နာမည်ပေး@gmail.com

ပြီးလျှင် 3 မိနစ်လောက်စောင့်ပါ။

သူဆီမှ

/msg nickserv proceed passcode ဟူသောစာတန်းပေါ်လာလျှင်

/msg nickserv prodeed ကို select မှတ် ပြီးလျှင် အောက်မှ past ချ /msg nickserv proceed အောက်မှ passcode ကိုလည်း select မှတ် ပါ

ထို့နောက်အောက်ဘားတန်းမှာ space bar တချက်ခေါက် past ချလိုက်ပါ။

ဥပမာ /msg nickserv proceed yaEH45D

ပြီးလျှင် enter ခေါက်

/join #ygnchat

နှိပ်လိုက်လျှင်ရပါပြီဗျာ။

ကဲအကောင့်လုပ်ပြီးသားဆိုရင်တော့လွယ်ပါတယ်ဗျာ။ connect to server ဆိုရင် server နဲ့ချိတ်မိပါပြီ။

ပြီးရင်

/msg nickserv identify ကိုယ်ပေးထားသည့်password ပေးလိုက်ပါ။ ဟိုဘက်မှာacceptct ဆိုသည့်စာတန်းတွေ့လျှင် ရပါပြီ။

/join #ygnchat ဆိုရင်တော့ရန်ကုန်ချက်ဆိုတာကိုရောက်ပါပြီဗျာ။






website လိပ်စာလေးတွေပါ။


http://www.planet.com.mm
http://www.kyikhantmg.co.cc
http://problemclean.ning.com
http://www.burmeseclassic.com
http://www.alinyaung.org
http://www.myantel.net.mm
http://www.thanlonengal.co.cc
http://www.shweamyutay.com
http://www.metacafe.com
http://www.people.com
http://www.hi.com
http://www.person.com
http://www.hi5.com
http://www.tagged.com
http://www.filehippo.com
http://www.mp3-codes.com

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ

Email အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။Gmail team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး အယုံသွင်းတတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့ စာမျိုးတွေလည်း လာတတ်ပါသေးတယ်။
တစ်ခြားသူတစ်ယောက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။
မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။
အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့ သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။
ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ်
စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။
ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်
ခုနက ခင်ဗျား login ၀င်ထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။

အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။
အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။
ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။
grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။
ပြီးတော့က WOT Web of Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ Site အဆင့်အတန်းကို
ဝါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef
အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။
ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။
ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။
စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်
back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် တော်ကြိုးစားရပါလိမ့်မယ်။
များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။

ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။
အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ
password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။
ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ
ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။
သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။
တကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊
ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။


hackerတွေရဲ့ skills မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းတာလဲတခု အပါအဝင်လို့ပြောချင်ပါတယ်
ကိုယ် hack ချင်တဲ့လူနဲ့ ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess လုပ်တာပါ Exp... Birthday, mother middle name ... etc....

Site, Company တခု ကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲလူနဲ့ တည့်အောင်ပေါင်းပြီး information ကိုရအောင်ယူကြတယ်။ Exp... Hardware, Software, network topology, server OS, etc....... That's social engineering.

ဒါကြောင့် အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့် မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။

မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။
1) g-talk, gmail သေချာ sign out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။
3) g-mail, yahoo, hotmail အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။
4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။

Cyber Café မှ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။


တချို့ Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း ...
အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ )

အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. Software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။
ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။



အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။ internal name ကတော့ KeyLogger.exe ပါ။
Data Doctor Key Logger လို့လဲခေါ်ကြပါသေးတယ်။
OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME
C:\Winnt\System32 for Windows NT/2000
C:\Windows\System32 for Windows XP and Vista
အဲဒီနေရာတွေမှာ ရှာကြည့်ပါ။ ပြီးရင်
Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ် RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။
အောက်မှာပြထားတဲ့ နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe
%ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe
%UserProfile%\Desktop\Key.exe

ဒါက DLL file တွေကို ကစ်ဖို့ ..
%ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll
%System%\Urncb.dll
%System%\Urncbc.dll

ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data Doctor KeyLogger (Trial) 2.0.1.5

အဲ့ဒီ Software ဟာ default home page ကိုလဲ change သွားတတ်ပါသေးတယ်။



ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ Hack ခံခဲ့ရဖူးပါတယ်။



================================================== ==

တကယ်တော့ Gmail password ပဲ hack ခံရမှာကြောက်နေတာလား
အခြားဟာတွေကော hack ခံရမှာမကြောက်ကျဘူးလား
ဘယ် web site ကိုပဲဖွင့်ဖွင့် Gmail, friendster, zopia, hi5,WAYN အဲဒါတွေဖွင့်တယ် VZO သုံးတယ် ပြီးတော့အမူမဲ့အမှတ်မဲ့ပြန်သွားကြတယ်လေ
အဲဒီမှာနောက်လူကလာတော့တွေ့ရော သူများအကြောင်းကိုယ့်အကြောင်းစပ်စုချင်တဲ့သူက၀င်မှာပဲလေ
အဲဒီအခါကျတော့ hack သလိုဖြစ်သွားတာပေါ့နော် တကယ့် hacker ကြီးတော့မတွေ့ဘူးသေးဘူး
ရှိလဲ ဒီလို Gmail လောက်ကိုလိုက် မhack ဘူးထင်တာပဲလေ
အကောင်းဆုံးကတော့ ကိုယ်သုံးပြီးရင်သေချာ log out လုပ်ခဲ့လားဆိုတာကိုပြန်စစ်ပေါ့… VZO ကတော့အများဆုံးကျန်တတ်တယ်
သတိတော့ထားပေါ့နော်
Gmail ကတော့ ဒီတိုင်းပိတ်လိုက်ပြီးပြန်ဖွင့်ရင်တောင် username and password တောင်းပါတယ် လွယ်လွယ်လေးနဲ့ hack လို့်မရပါဘူး
ကိုယ့်အကောင့်ကို ကိုယ်သေချာ logout လုပ်ခဲ့ပါ
အပေါ်ကပြောသလို key logger လိုဟာတွေရှိမရှိစစ်ပေါ့နော်
ရှိရင်လဲ ပိတ်ထားလိုက်ပေါ့
မပိတ်တတ်ရင် ဆိုင်ရှင်ကို ပိတ်ပေးဖို့ပြောလိုက်ပေါ့ဗျာ
အဲဒါပိုကောင်းပါမယ်


Hacking လုပ်စရာ Gmail တခုထဲရှိတာမဟုတ်ဘူးဆိုတာကိုလည်း မမေ့ပါနဲ့
ပြီးတော့ မြန်မာပြည်က Gmail တော်တော်များများဟာ personal များပါတယ်
အဲဒီမေးလ်တွေကို့ hacker တွေက မhack လောက်ပါဘူး
ဒီလိုပဲသာမာန် user ထဲကနည်းနည်းပိုတတ်တဲ့သူက ကလိတာဖြစ်မှာပါ
ကိုယ့်အကောင့်ကိုသိသွားတာ မခံချင်စရာပေါ့နော်
သုံးပြီး ပြန်ကြည့် သတိရှိရင် မခံရနိုင်ပါဘူး





================================================== ==



နောက်တစ်ခုကတော့ ကျွန်တော်ရဲ့ Close Friend တစ်ယောက်အကြောင်းပါ၊ သူက စလုံး မှာကျောင်းတက်နေတာ သူရဲ့ Gmail ကို Hack လုပ်ခံလိုက်ရတာပါ။ သူကတော့ သူ့ laptop ကို သူတစ်ယောက်ပဲသုံးတာပါ။


တနေ့ သူ Gtalk မှာ hacker လိုပြောတဲ့ သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း က မင်း hacker ဆိုရင် ငါ့ Gmail ကို ရအောင် hack ဆိုပြီး ပြောလိုက်တယ်။ hacker ကပြောတယ် 24 hr အတွင်း hack ပြမယ်လို့ပြောတယ်။ နောက်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာကျွန်တော့် သူငယ်ချင်းရဲ့ password ကိုတင်ထားတာ တွေ့တော့ ကျွန်တော့သူငယ်ချင်း shock ဖြစ်သွားပါတယ်။ ကျွန်တော် သူငယ်ချင်း က hacker ကိုပြောလိုက်တယ် မင်းမှာ Gmail ကို hack တဲ့ tools ရှိလိုမင်း hack လုပ်လို့ရတာ။ ဒါက ကလေးတောင် လုပ်နိုင်တယ်လို့ ပြောပြီး သူ့ကျောင်း email ကိုပေးပြီး hack လုပ်ဖို့ ထပ်ပြောလိုက်တယ်။ အရင်အတိုင်းပါပဲ နောက်တစ်နေ့ မနက်မှာ hacker ရဲ့ Gtalk's status မှာ ကျွန်တော့်သူငယ်ချင်းရဲ့ password ထပ်ပြီး တင်ထားလိုက်ပြန်တယ်။


အဲဒီမှာတင် ကျွန်တော့်သူငယ်ချင်းလည်း hacker ဆိုတဲ့ ကောင်ကို ငါရှုံးတယ်။ မင်း hacker ဆိုတာ အသိအမှတ်ပြုတယ်။ မင်းရဲ့ hack လုပ်တဲ့ နည်းငါ့ကို သင်ပေးပါလို့ ပြောလိုက်တယ်။ hacker ကကျွန်တော် သူငယ်ချင်းကို Block လုပ်ပစ်လိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းက တခြား account တွေ လုပ်ပြီး invite လုပ်ပေမယ့် ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ အဲဒါ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ဖြစ်ခဲ့တာပါ။ ခုတော့ ကျွန်တော်တို့ hacker ရဲ့ Gmail account ကို မေ့သွားကြပါပြီ။ hacker ကလည်း ကျွန်တော့်သူငယ်ချင်းကို ဘာဒုက္ခမှ မပေးခဲ့ပါဘူး။ ကြည့်ရတာ White Hacker ဖြစ်မယ့်ပုံပါပဲ။

ခု cyber cafe တွေမှာ hack ခံရတာ ဒီလို hacker မျိုးတွေရဲ့ လက်ချက်တော့ မဟုတ်နိုင်ပါဘူး။ key logger သုံးနေတာ ပဲဖြစ်မယ်ထင်ပါတယ်။



================================================== ==



ဒါဟာ wifi သုံးတဲ့သူတွေ ခံရတတ်တဲ့ နည်းပဲလို့ တွေးမိပါတယ်။ packet sniffer ဆိုတဲ့ tools တွေရှိပါတယ်။ windows အတွက်နာမည်ကျော်ကတော့ Cain and able ဆိုတာပါပဲ။ Linux ရော Windows မှာပါသုံးနိုင်တာကတော့ wire shark ပါ။ အဲဒီ tools တွေနဲ့ တစ်ဖက်လူ သုံးနေတဲ့ TCP packet တွေကို ကြည့်နိုင်ပါတယ်။ wifi သုံးတဲ့သူဆိုရင်တော့ လေထဲကတင် အနံ့ခံပြီးရှာနိုင်တာပါပဲ။
အဲဒီအခါ ခုနက ကျွန်တော်ပြောခဲ့တဲ့ cookies တွေကို ရသွားပါလိမ့်မယ်။
Gtalk ကိုဝင်နေဆဲ cookies ရသွားပြီဆိုရင်တော့ အဲဒါကို import ပြန်လုပ်လိုက်ရုံပဲရှိပါတော့တယ်။ ဒီလိုလုပ်လိုက်တာဖြစ်မှာပါပဲ။



================================================== ==



ဒီနေရာမှာ အများ သတိမထားမိတဲ့ အချက်လေးတစ်ခု ကျွန်တော်ပြောပြချင်ပါတယ်။
Password security အကြောင်းလေးပါ။

Internet ကိုစတင်အသုံးပြုသူတွေဟာ Website အသစ်တွေ့တိုင်း Signup လုပ်၊ သူငယ်ချင်းတွေရဲ့
Email တွေကိုပါ ဖိတ်မာန်တက ပြုပြီး signup လုပ်စေပါတယ်။

ဆိုကြပါစို့ ကျွန်တော်က မသမာတဲ့ hacker တစ်ယောက်ဆိုပါတော့။ အခုခေတ်မှာ Domain တစ်ခု
ဝယ်ပြီး forum တစ်ခု Setup လုပ်တာ လွယ်မှလွယ်။ ဒါ့ကြောင့် လူစိတ်ဝင်စားမယ့် နာမည်နဲ့
Website တစ်ခုထောင်၊ ပြီးတော့ free software တွေ၊ file download တွေပေးပြီး၊ User တွေကို
attract လုပ်ပါတယ်။ User တွေကလည်း subscribe လုပ်ကြတယ်ပေါ့။

ဒီမှာတင်စပါပြီ။ အတွေ့အကြုံနည်းတဲ့ User တွေဟာ မှတ်ရလွယ်တဲ့ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးပါတယ်။ Subscription တွေများတော့ အကုန်မမှတ်နိုင်တော့ဘူး၊ Gmail Account တစ်ခု Password တစ်ခုတည်းနဲ့ Site တိုင်းမှာ Subscribe လုပ်ထားတော့၊ မသမာတဲ့ Hacker ရဲ့ website မှာလည်း ဒီ Gmail နဲ့ပဲ ဒီ Password နဲ့ပဲ၊ Subscribe လုပ်မိရင်၊ မသမာတဲ့ hacker ဟာ Gmail နာမည်နဲ့ Password တွဲရက်ကိုသိသွားပါပြီ။ ( ဒီနေရာမှာ ဆရာသမားများက Encrypt လုပ်ထားရင် ဘယ်လိုမှမသိနိုင်ဘူးပြောကြပါမယ်။ Forum system တွေမှာ password ကို Plain text နဲ့ သိမ်းအောင်လုပ်ရတာမျိုးဟာ ဘာမှမခက်ပါဘူး။ အကယ်၍ Encrypt လုပ်ထားရင်တောင် Algorithm နဲ့ Salt နဲ့သိရင် Password ထဲက တချို့စာလုံးတွေကို ဖော်ပြီး၊ အားလုံးကို မှန်းဆဖို့ဟာ မခက်တော့ပါဘူး။)

ကဲ သူကသင့်ရဲ့ Gmail နဲ့ Password ကိုသုံးပြီး သင့်ရဲ့ Gmail ကို အရင် စမ်းကြည့်မယ်။ ပြီးရင် တခြား Forum တွေ Subscription တွေကို Login ၀င်ကြည့်မယ်။ နာမည်တူ နဲ့ တခြား email တွေ ဥပမာ
…………..@gmail.com ဆိုရင် ………….@hotmail.com, ……………@yahoo.com တို့ရှိနိုင်တယ်
Password တစ်ခုတည်းကိုပဲသုံးတော့ အဲဒီ Email တွေကိုပါ စမ်းဝင်ကြည့်တော့မယ်။
ကဲ နောက်ဆက်တွဲကိုတော့ ဆက်ရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းများကို စမ်းစစ်ကြည့်တော့၊
၁။ ။ တွေ့ကရာ Website မှာ Signup လုပ်တာ။
၂။ ။ password တစ်ခုတည်းကို နေရာတိုင်းမှာ သုံးတာ ကြောင့်ဆိုတာတွေ့ရပါတယ်။

အကယ်၍ မသမာတဲ့ Website မှာ Subscribe လုပ်မိရင်တောင်မှ၊ Password တစ်ခုတည်းကို
Account တိုင်းမှာ မသုံးရင်၊ ဒီလိုပြဿနာမျိုးကနေ ကာကွယ်နိုင်ပါတယ်။

နောက်ပြီး၊ အများသုံးကွန်ပျူတာမှာ (internet cafe မှာ) Login လုပ်ရင် Remember Password
option ကိုလုံးဝမရွေးထားဖို့။(ကျွန်တော်တော့ ကိုယ်ပိုင် computer မှာတောင် မလုပ်ပါဘူး။)
သံသယရှိရင်၊ Login မလုပ်ခင်၊ ဆိုင်ရှင်ကို အကြောင်းကြား မေးမြန်းဖို့။ ကိုယ့်လုံခြုံရေးကို
တက်တက်ကြွကြွသတိရှိရှိ ဖြစ်နေဖို့အရေးကြီးပါတယ်။

Email တွေကိုလုံခြုံအာင်ပို့ကြမယ်..

မိတ်ဆွေတို့ကိုအခုဖော်ပြပေးမှာကတော့ မိတ်ဆွေတို့ရဲ့ email လေးတွေကို
လုံလုံခြုံခြုံပို့နိုင်အောင် website တစ်ခုကိုလမ်းညွှန်ပေးမှာပါ။
လမ်းညွှန်မှုမပေးခင်မှာ အသုံးပြုပုံလေးကိုရှင်းပြချင်ပါတယ်။
အရေးကြီးတဲ့စာတွေကို ပုံမှန်မဟုတ်ပဲ ဝေလည်ကြောင်ပတ်ရေးသားပြီ
လက်ခံရရှိသူက ပြန်လည် ဖော်ထုတ်တာကို အသုံးပြုနည်းဖြစ်ပါတယ်။
ရောမခေတ်မှာတော့ စစ်ရေးနဲ့ပတ်သက်ပြီ တစ်ခြားနိုင်ငံကိုစာပို့ရာမှ
လုံခြုံမူရှိစေရန် စစ်သည် တစ်ဦးကို ခေါင်းတုံးရိတ်စေပြီး သူခေါင်းမှာ
ဆေးမင်ကြောင်ပုံ စုပ်ထိုးပြီးစာရေးပါတယ်တဲ့။
စစ်သည် ဆံပင်ပြန်ပေါက်တော့မှ သူ့ကို စာပို့လိုတဲ့တိုင်းပြည်ကိုလွတ်ပြီး
စာကိုလုံလုံခြုံခြုံရှိအောင် လုပ်ခဲ့တယ် လက်ခံရရှိသူက
စစ်သည်ကိုကတုံးတုံးပြီးစာဖတ်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။
အဲဒါမျိုးကို Cipher သွင်းတယ် Cipher ဖော်တယ်လို့လဲခေါ်ကြပါတယ်။
သဘောတရားကတာ့ လုံခြုံမူရှိအောင်လုပ်လေ ရှုပ်ထွေးစွာလုပ်ဆောင်ရလေပါပဲ။
ရှုပ်ထွေးအောင်လုပ်လေလေ အချိန်ပိုကြာလေပါပဲ။
အချိန်နဲ့ လုံခြုံမူဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အချိန်ပိုကြာကြာပေးရင် လုံခြုံမူပိုရှိမယ်...။
အချိန်နဲနဲပဲပေးရင် လုံခြုံမူလျော့နည်းမယ်..။
အဲဒီတော့ မိတ်တွေက ကိုယ်ပို့မဲ့ email ဟာ...
ဘယ်လောက်ထိအရေးကြီးလဲမကြီးလဲဆိုတာကို ဆုံးဖြတ်ပြီး
လုံခြုံမူရှိအောင်လုပ်ဖို့ဆုံးဖြတ်ပေါ့ဗျာ။

ကဲလုပ်နည်းစပြောမယ်။

ပေးပို့နည်း

၁။ Encode a message now ကိုနှိပ်လိုက်ပါ။
၂။ Enter Your ဆိုတဲ့နေရာမှာ သင်ရဲ့လျို့ဝှက်နံပါတ်လေးထည့်ပါ။
စာလေးဖြစ်ဖြစ်လဲရပါတယ်။
သတိပေးလိုတာကတော့ စာလက်ခံမဲ့သူကို ကိုယ်က အဲဒီလျို့ဝှက်နံပတ်လေး
ကြိုပြောဖို့ တော့လိုပါတယ်။
ဖုန်းနဲ့သော်၎င်းပေါ့ဗျာ။
ဒါမှမဟုတ်လည်း အချင်းချင်းတွေ့တုန်း နံပါတ် တစ်ခုခုသတ်မှတ်ထားပေါ့ဗျာ။

၃။ Type your message here ဆိုတဲ့နေရာမှာ ကိုယ်ရေးမဲ့စာသားတွေကိုရေးလိုက်ပါ။

၎။ ရေးပြီးရင် encode now ကိုနှိပ်လိုက်ပါ။

၅။ encode လုပ်ပြီးတာနဲ့ သင့်စာတွေရဲ့ ဖောင့်တွေပုံစံမျိုးစုံတွေ့ရမှာပါ။

၆။ ပြီးရင် စာတွေကို copy လုပ်ပြီး မေးနဲ့ပို့လိုက်ပေတော့။

လက်ခံဖတ်ရှနည်း

၁။ စာမှာပါလာတဲ့ စာကိုယ်ကို copy လိုက်ပါ။

၂။ Enter your ဆိုတဲ့နေရာမှာ ပို့သူနဲ့လက်ခံသူ နားလည်မူယူထားတဲ့
လျို့ဝှက်နံပါတ်လေးကို ထည့်ပါ။

၃။ Paste your coded message ဆိုတဲ့နေရာမှာ စောနက email ကနေ copy
ထားတဲ့စာကို paste လုပ်လိုက်ပါ။

၎။ ပြီးရင်decode now လုပ်လိုက်ပါ။

၅။ ဒါဆိုတစ်ဖက်က ပို့လိုက်တဲစာကိုသင်ဖတ်လို့ရပါပြီ။

မှတ်ချက်

၁။ ပိုလုံခြုံလိုလျင် encode ကိုအကြိမ်ကြိမ်သွင်းပေါ့ဗျာ။

၂။ လက်ခံတဲ့သူကလဲ အကြိမ်ကြိမ် encode လုပ်ထားတဲ့စာကို သူ့အကြိမ်အတိုင်း
decode ပြန်လုပ်ပေါ့ဗျာ။

၂။ ပို့သူနဲ့ လက်ခံသူ လျို့ဝှက်နံပါတ်ကို ကြိုတင်သတ်မှတ်ထားရမယ်။

၃။ တစ်ဖက်သူကလဲ အခုအသုံးပြုတဲ့ဆိုက်ကိုသိရမယ်လေ။

ဥပမာ

ကျွန်တော်ဥပမာနဲ့ပို့ပြမယ်...။
ကျွန်တော့်သူငယ်ချင်းဆီကို အကြွေးမပေးနိုင်သေးကြောင်း စာရေးမယ်။
သူများသိသွားရင် ရှက်ဖို့ကောင်းတယ်။
အဲဒီတော့ လျို့ဝှက်ပြီးရေးမယ်--ကဲစပြီ..

သူငယ်ချင်းရေ
မင်းပို့လိုက်တဲ့စာကိုရပါတယ်ကွယ်
မင်းငွေကိုငါလကုန်ရင်ပို့လိုက်ပါ့မယ်။
လောလောဆယ်ငါအဆင်မပြေသေးလို့ပါ။
မိန်မကလဲ မီးဖွားပြီးစဆိုတော့ ငွေရေးကြေးရေးကျပ်တည်းနေလို့ပါ။
စိတ်ချပါ ဒီလကုန် လစာထုတ်ထုတ်ချင်း မင်းငွေကို ငါရိုးမဘဏ် ကနေ
ပို့လိုက်ပါ့မယ်။
မင်းရဲ့သူငယ်ချင်း


ကဲ....လုံခြုံအောင် encode လုပ်လိုက်မယ်
encode လုပ်လိုက်တဲ့စာသားတွေကဒီလိုရတယ်

1D38EFEAFD44C290EA0F03A309564111CB578FEAF4DAB80B0FCCCCC5DDD013D4C60
E42394492C7A5F8429FFDE8CDA3FD6842EF90ABEB06C0EBDCCBCECAE7DC39DCCB
CEE9E174D9DCCBE62B8AC4D9DCFAEAC10CC4F29CDDEEDFDFDFBCFBF2BFD9DCE
325E1C6C4D9D8AFD8DF07C4D8C7D30C2640C4D99C52FC0828DCD9DC68CEECC9C4D
9BFFDCFD92E88D9DE03EE0B0C4CD9FC0F0E8B1AF659CAF902EFA905D999CD05E2E
848FFDD92C6CBF9DC19FC0756C6C8C634ECD1EEEACC75D91FC10FEEC509D8CC06C
DC8F9CDC91ED8CBF8D0F2D8DDC7481DEA4DD95DD9161AD6E4011E48D6C40105D0B
0FAC7D2C6226FD1FD0C12FECE3CFCA9CFC5CE84C1EF9B825ED18CDF3C0AD6C0CE
86C16C02FEFAE1CDDF6FEFED812BF5C13DCB042FDFADCF0FED1D76C5C059DCCBF
E92D144D9DC535ED6F9C4D9CDDD56D2C4C4F2DFDCFBCCDFDFD3CFF34EC9DCCAD
E7DAE69B2DCC9DA0B57C419DDF8FD9814C1D9DC46C248CA22D9C7FACCFED7F1E9
DC896BD8050CB91CD88EA600D6D0DC0B4DDBEE67D59C68FEEF008C1D1180C29F09
C03F0FCBC2EA0A6FD50FEBAEFEAAF4DDBC492FA7D104154CF982CD49F649FC28D
7D80FDDD9EDDADE07CC027DD012EDFD4C10CF5DC8A85CC3AC1B9DD8FECE1881D
D0FD2C217C82434984B5FD12E07E91DEAC2F9C88CBAD009F8C6F8C0013FE12CE8C8
E5B53C008EAF56F4553DD9EE8B0C2600F9FB0F10EDDDDB04CB280CFDD41D9DCBC
2E20DF60B3A11D8CDD7C059DCDF0DAF5302D9DCA89EC0D6AE79DCC6FE0ECEE4C9
DC47FCAEFE14EBDCD8E842EAC0B4F5591F46ECDAC97FCC9AD0E7E3C7E6C7DBD7F
928FBCD1698CCD2C8C8EDD4EB1AFB2FF8CBC23F0DC703EF07C8D31CFA88CAAEC1
DFEC80C5EFA917EAFFFBEE55FD0DEDCA5AECACEDDDDFDEFBC3D6831DF4D1FBD
DEAF614D4DCDFC2DDE5A01BC4C2C82EDD0FD544076E1D071DC9BFCECCC6CE2632

ဒီ encode လုပ်ထားတဲ့စာသားတွေကို copy လုပ်ပြီး email နဲ့ပို့လိုက်မယ်။
လက်ခံရတဲ့သူက decode ပြန်လုပ်ဖတ်မယ်။
ပိုလိုခြုံချင်ရင် encode လုပ်ပြီးသားကို ထပ်ပြီး encode
အကြိမ်ကြိမ်လုပ်နိုင်တယ်။
အဲဒီမှာသွားစမ်းသပ်ပါ။
ဒီကနေသင့် email တွေကိုလုံခြုံအောင်လုပ်ပေးပါလိမ့်မယ်။ဒီအခန်းထဲကိုဝင်--
လျို့ဝှက်အခန်း ( http://www.topsecretemail.com/Encode_Message.cfm )

ပို့ပြီးသား Mail ပြန်ဖျက်ချင်လျှင် ရသည့် ထူးခြားသည့် ဂျီမေးလ်

Google သုတေသန Lab မှ G-Mail အသုံးပြုသူများ ၎င်းတို့ ပို့ထားသည့် Mail များကို ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်း ပေးလိုက်ကြောင်း သိရှိရသည်။

Undo Send ဟုအမည် ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။ မူလက G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ် နိုင်ချေ။

ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail ထဲရှိ မိမိပို့ထားသော Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။ ထို Feature ကို အသုံးပြု လိုပါက G-Mail Account ထဲရှိ Setting တွင် Undo Send ဆိုသော နေရာလေးအား Enable ကလစ်လုပ် ပေးရန်သာ လိုအပ်ကြောင်း သိရှိရသည်။

ပို့ပြီးသား စာကို စိတ်မကြေနပ်၍ နောက်မှ ထပ်ဖျက်လျှင်ရသော ဂျီမေးလ် သတင်း အထောက်အကူပြု ဓါတ်ပုံ - www.sfcdesigns.com

Gmail Account ခိုးကြည့်နည်း

အင်တာနက်ဆိုင်မှာ ကိုယ့်ရှေ့က ကိုယ်ထိုင်မယ့်စက်ကနေ ထသွားတဲ့ ကောင်လေး/ကောင်မလေးရဲ့
ဂျီမေးလ်ကို ခိုးကြည့်တဲ့နည်း သင်ပေးမယ်နော်း))

(အဟဲ..နောက်တာပါ…)

ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံး တာများ
ပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ .Gmail Addressတွေမကျန်
ခဲ့စေအောင်သုံးတဲ့နည်းလေပါ။
ဒီလိုပါ၊ မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။
သူများသိတော့ကိုယ့် Gmail Account ကို invite လုပ်မှာပေါ့၊
စက်ထဲမှာ မိမိ Gmail Address မကျန်ခဲ့စေရန်ရည်ရွယ်ပါတယ်သူများ Address
Account ကိုကြည်ဖို့မဟုတ်ပါဘူး Cheesy
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ၊
(သို့မဟုတ်) Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ
ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။ List
ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။ Gmail Address များကိုတွေ.ရပါလိမ့်မည်။
ကိုယ့်ထက်အရင် ၀င်ခဲ့တဲ့ လူတွေရဲ့ အကောင့်တွေကိုလည်း တွေ့ရပါလိမ့်မယ်။
အကယ်လို့မိမိ Gtalk ၀င်ခဲ့
တယ်ဆိုရင်တော့မိမိ Gmail Address နာမည်ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည်
ပေါ်တွင် Right ကလစ်နှိပ်၊ Delete ကိုနှိပ်လိုက်ပါ။ Name/Type/Data တို.အောက်ကျန်
ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။..............ok

gtalk ကိုဒီအတိုင်းသုံးမဲ့ အစားမြန်မြန်ဆန်ဆန်ဖြစ်အောင်....

သိထားသူများရှိသလိုမသိသေးသူများအတွက်ပေါ့.....

၁ ။ Typing နေရင်းနဲ့ Call ချင်ရင် F11 ကိုနှိပ်ပါ ။
၂ ။ Call ကိုပြန်ပိတ်ချင်ရင်တော့ F12 နော် ။
၃ ။ Typing နေရင်းနဲ့ Mail ၀င်လာလို့ စစ်ချင်ရင်တော့ F9 ဗျ ။
၎ ။ Typing မှာ စာသားတွေကို တစောင်းလေး ပေါ်ချင်ရင် စာကြောင်း အစနဲ့အဆုံးမှာ ( _ ) ခံပေးပါ ။
၅ ။ CTRL + Mousewheel up/down ကို သုံးပြီး Chat Box ထဲက Font size ကိုပြောင်းနိုင်ပါတယ် ။
၆ ။ Window တွေကို minimize လုပ်ဖို့က Alt+Esc နော် ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာလေ ။
၇ ။ Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီသုံးဖို့ပေါ့ ။
၈ ။ Alt+Tab ကတော့ ဖွင့်ထားတဲ့ Chat တွေ ၊ Firefox တွေနဲ့ တခြားဟာတွေကို လှည့်နိုင်ပါတယ် ။ (Mouseမလိုအောင်နော်) ။
၉ ။ Ctrl+Tab ကတော့ Firefox ကို New Tab နဲ့ဖွင့်ထားရင် ပြောင်းလို့ရတယ်နော် ။
၁၀ ။ စာသားတွေကို bold တင်ချင်တယ်ဆိုရင် စာကြောင်းအစနဲ့အဆုံးမှာ ( * ) ခံပေးပါ။
၁၁ ။ Gtalk မှာ တစ်ခါရိုက်ရင် ရိုက်လို့ရတဲ့အရေအတွက်က 32767 လုံးပဲရိုက်လို့ရတယ်တဲ့ ။ ( စမ်းသပ်မကြည့်ဖူးဘူး ၊ )
၁၂ ။ Ctrl+c က copy ၊ Ctrl+v က paste နော် ။
၁၃ ။ Gtalk က notification area ထဲရောက်နေရင် windows key+Esc နဲ့ပြန်ခေါ်လိုက်လေ ။
၁၄ ။ ဂျီတော့ဖွင့်လို့မေးလ်ဘောက်လေးတက်လာရင် right click နဲ့ပိတ်လိုက် ။
၁၅ ။ Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်လို့ရတယ် ။
၁၆။windowနဲ့mနဲ့က firefoxကိုminimizeလုပ်ထားလို့ရပ်ါတယ်။ပြန်ဖွင်ချင်ရင်တော့window shiftကိုဖိပြီး m ကိုနိုပ်ပါ။